ပေါင် ဧပြီ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီးဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော၊ ရပ်ကွက်များဖြစ်သည့် အလှပ်ကျေးရွာနှင့် ညောင်ကုန်းလေးကျေးရွာများသို့သွားရောက်၍ ရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယမန်နေ့မွန်းလွဲပိုင်းကအခမဲ့ သွားရောက်လှူဒါန်းပေးခဲ့သည်။
အဆိုပါသောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ် ဦးစီးအရာရှိဦးမြတ်ကိုကိုဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်တို့က မီးသတ်ရေသယ်ယာဥ်(၃)စီးဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့် အလှပ်ကျေးရွာနှင့် ညောင်ကုန်းလေးကျေးရွာများသို့သွားရောက်၍ ရေလောင်ကန်နှင့်နေအိမ်များအတွက် အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ကြောင်းနှင့် သောက်သုံးရေရှားပါးနေသည့်အခြားကျေးရွာ၊ ရပ်ကွက်များသို့လည်းဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)