မွန်ပြည်နယ်

သထုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့၌​ ဒေသထွက်ကြက်မောက် သီးများလှိုင်လှိုင်သီး၍ စျေးကောင်းရရန် မျော်လင့်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်​ရှိ ဒေသထွက် ကြက်မောက်သီးများ ယခုနှစ် အထွက်စောကာ လှိုင်လှိုင်သီးနေပြီးဖြစ်၍ ကြက်မောက်ခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်လင့်နေကြသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံးသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

သထုံမြို့နယ်အတွင်းရောင်းချနေသည့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ခရီးသွားရာသီအတွင်း အများပြည်သူခရီးသွားလာရာနေရာများ၌ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်းများ ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျိုက်ထိုမြို့‌ပေါ်ရှိ သောက်သုံးရေ အခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေသွားရောက် လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center - C3 ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ ဆောင်ရွက်ရန် မြို့နယ်များအား အသုံးစရိတ်နှင့် Laptop တစ်လုံးစီ ထောက်ပံ့ပေးအပ်

ပြည်သူ့စစ်မှုထမ်းကိုယ်​ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံသင်တန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ e – Government အ​ဆောက်အဦ၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ဥက္ကဋ္ဌ (၂) လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​ကျော်စွာမြင့်၊ အတွင်း​ရေးမှူး၊ ပြည်နယ်အ​ထွေ​ထွေ​အုပ်ချုပ်​ရေးရေးဦးစီးဌာန၊ ပြည်နယ်အုပ်​ရေးမှူး ဦးတိုးဝင်းတို့မှ ကြည့်ရှုအား​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရေးကောင်စီက ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄)ဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်တွင် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း လိုက်နာရန်ဖြစ်ပြီး မိမိတို့ သိရှိထားသည့် အသိပညာများကို သေချာစွာလေ့လာ၍ အများပြည်သူများ လိုက်နာနိုင်ရေးအတွက်လည်း လက်ဆင့်ကမ်းအသိပညာပေး ရှင်းလင်းပြောကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်အချက်များ ထည့်သွင်းမှုပုံစံအား စနစ်တကျ​လေ့လာသင်ယူပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ မိမိတို့သိရှိထားသည်များကို အပြုသဘောဖြင့် ဝေမျှခြင်း၊ လုပ်ငန်းတာဝန်များအား ​ကျေပွန်စွာ ထမ်း​ဆောင်ခြင်းတို့ဖြင့် နိုင်ငံတော်၏ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

မုဒုံမြို့၌ နွေစံပယ်ပန်းများ အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများနှင့် မြို့အနီးအနားဝန်းကျင်တွင် မြေအောက်ရေစနစ်ဖြင့် တစ်ပိုင်တစ်နိုင် နွေစံပယ်များကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ် ပုံမှန်ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား စဥ်ဆက်မပြတ် ပုံမှန်ရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို မြို့တွင်းလမ်းတစ်လျှောက်၌ ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့်ကြီးကြပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့်ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။
Subscribe to မွန်ပြည်နယ်