ကျိုက်မရော ဧပြီ ၃
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင်ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျားစျေးကောင်းရရန် မျှော်လင့်နေကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များပါဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။
ကျိုက်မရောမြို့နယ်တွင် ဒူးရင်းပင်အမျိုးအစားပေါင်း များစွာစိုက်ပျိုးသည့်ထဲမှ ထိုင်းသီးနှင့် ဗမာသီးမျိုးကို ပို၍စိုက်ပျိုးကြကြောင်း သိရသည်။
ဒူးရင်းပင်ထိုင်းသီးကို ကိုင်းဆက်၊ ကိုင်းကူးနည်းဖြင့် အဓိကစီးပွားဖြစ်စိုက်ပျိုးကြပြီး ဗမာသီးကတော့ ကိုင်းဆက်စရာမလိုပဲ သဘာဝအတိုင်းအစေ့ကနေစိုက်ပျိုးရပြီး ၅ နှစ်ပြည့်မှ အသီးကောင်းကောင်းသီးနိုင်ကြောင်း ဒူးရင်းသီးပင်တစ်ဧကလျင်အပင် တန်းကြားပေ ၃၀ ပတ်လည် စိုက်ပျိုးမည်ဆိုပါက အပင် ၅၀ အထိ စိုက်ပျိုးနိုင်ကြောင်း အပင်များပိုးမကျစေရန်အတွက် သဘာဝမြေသြဇာများ ထည့်သွင်းခြင်း၊ အသီးကိုရှင့်များမကိုက်စေရန် ဝါးခလောက်များကို အသံမြည်အောင်အပင်၌ ကြိုးဆွဲ၍ ထားပေးရကြောင်းကိုလည်း သိရသည်။ ယိုးဒယားဒူးရင်းသီးမျိုး ကောင်းတစ်ဧကခန့်ရှိရုံဖြင့် တစ်နှစ်လျှင် ဝင်ငွေကျပ်သိန်း တစ်ရာခန့်ရရှိသဖြင့် ဒူးရင်းသီးများ စတင်ထွက်ရှိချိန်၌ ခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
မိချို