ကျိုက်မရော ဧပြီ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ IS-8130 မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော ရပ်ကွက်များဖြစ်သည့် အထရံရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယနေ့နံနက်ပိုင်းက အခမဲ့သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က မီးသတ်ရေသယ်ယာဥ်သုံးစီးဖြင့် သောက်သုံးရေရှားပါးလျက်ရှိသည့် အထရံရပ်ကွက်အတွင်းရှိ ရေလောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့ကြောင်းနှင့် သောက်သုံးရေရှားပါးနေသည့် အခြားကျေးရွာ၊ ရပ်ကွက်များသို့လည်းဆက်လက်၍ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)