မွန်ပြည်နယ်

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း

မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ယာယီနေရပ်စွန့်ခွာသူများအား ပြန်လည်အခြေချ နေထိုင်နိုင်​​ရေး ကူညီဖြည့်ဆည်း​ ​ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ မတ်လ ၂၈ ရက်နေ့မှ စတင်၍ အကြမ်းဖက်သောင်းကျန်းသူများဝင်‌ရောက် ပစ်ခတ်တိုက်ခိုက်မှုများ‌ကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ရသော ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်းတိုက်တော်သို့ ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သန့်ရှင်း ရေးဆောင်ရွက်၊ သောက်သုံးရေ ဂါလံ ၄၄၀၀လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မီးသတ်ဦးစီးဌာနက မေ ၅ ရက်တွင် ကျရောက်မည့်( ၈) နှစ်မြောက်  မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆုတောင်းပြည့် ဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်အတ္တရံရပ်ကွက်ပြည်သူများအား သောက် သုံးရေ ဂါလံ ၄၄၀ ၀ အခမဲ့ ဖြန့်ဝေပေးခြင်းကို မေလ ၁ ရက်နေ့ နံနက် ၈နာရီကဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ မုဒုံမြို့၌ မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မ (၂) ရပ်ကွက်ရှိ လောကရာဇိန်ဓမ္မာရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့၌ ဆောင်ရွက်သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်စိုက်ထူ

၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြေမီးသတ်စခန်းရှေ့၌ ဆိုင်းဘုတ်ပိုစတာစိုက်ထူးခြင်းကို ဆောင်ရွက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂ဝ၂၄)” အခမ်းအနားတက်ရောက်

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂ဝ၂၄)”အခမ်းအနားကို ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး များနှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများထံ သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်နေသော ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ပြီး ရေသယ်ယာဥ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းသည်။

ချောင်းဆုံမြို့နယ်တွင် (၃၈)ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာနည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာတော်၍ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်ပေါ်စေရန်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ သင်တန်းဆင်းပွဲကို ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ချောင်းဆုံအနောက်ရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်