မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပန်းဖြေစခန်းအသီးသီးမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/သူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလန် ၃၄၆၀၀ လှူဒါန်း

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလန် ၃၄၆၀၀ ကို မော်လမြိုင်မြို့နယ်ရှိ ရေရှားပါးသည့် နေရာများတွင် လှူဒါန်းခဲ့ကြောင်း၊ သိရသည်။

သံဖြူဇရပ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် က‌လေးများအား ကာကွယ်‌ဆေးထိုးနှံတိုက်‌ကျွေးခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးခြင်း အခမ်းအနားကို ယမန်နေ့က အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀) လှူဒါန်းမှု ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀)ကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ ရေရှားပါးသည့်နေရာများတွင် လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပေါင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်ဦးအကြို အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ တက်ရောက်ကြည်ညို

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ‌သော နှစ်ဦးအသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မီးလောင်ပျက်စီးခဲ့ရသော ဦးသာညှင်းဓမ္မာရုံ နှစ်ထပ်အဆောက်အဦအား မူလပုံစံမပျက် (Steel Structure) ဖြင့် ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေဂါလံ (၁၇၃၅၀) လှူဒါန်း

မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့  သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ၊ ကော့မုပွန်ကျေးရွာနှင့် ဒေါင်းရပ်အနောက်ကျေးရွာတို့တွင် သောက်သုံးရေ (၁၇၃၅၀) ဂါလံနှင့် (၂၀)လီတာဆံ့ ရေသန့်ဘူး (၂၀၀)တို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ခုနှစ်)အထိမ်းအမှတ် က‌လေးများအား ကာကွယ်‌ဆေးထိုးနှံတိုက်‌ကျွေးခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် က‌လေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်က အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေများ သွားရောက်လှူဒါန်း

၂၀၂၄ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်နေရာများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်