ကျိုက် မရော မေ ၁
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မီးသတ်ဦးစီးဌာနက မေ ၅ ရက်တွင် ကျရောက်မည့်( ၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆုတောင်းပြည့် ဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်အတ္တရံရပ်ကွက်ပြည်သူများအား သောက် သုံးရေ ဂါလံ ၄၄၀ ၀ အခမဲ့ ဖြန့်ဝေပေးခြင်းကို မေလ ၁ ရက်နေ့ နံနက် ၈နာရီကဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆုတောင်းပြည့် ဘုရားကြီးရေပြင်တော်ကြီး အပေါ်၌ ရေဖြန်းခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အတ္တရံရပ်ကွက်သို့ သွားရောက်၍ မီးသတ်ရေသယ်ယာဥ် သုံးစီးဖြင့် ရေဂါလံ ၄၄၀၀ကို အိမ်တိုင်ရာရောက် လှည့်လည်ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)