မွန်ပြည်နယ်

ပေါင်မြို့နယ်၌အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄) နှင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဆင်းပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄) နှင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က) ဇင်းကျိုက်၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရန် ရေသယ်ယာဥ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများနှင့် ကျေးရွာနေပြည်သူများသို့ သွားရောက်ပြီး သောက်သုံးရေ ဂါလံ(၂၈၀၀)ကို အခမဲ့ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ် သစ်တောဦးစီးဌာနနှင့် မော်လမြိုင်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အောင်တော်မူ၊ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၂၀၂၄)ခုနှစ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျိုက်မရောဒေသထွက် ကြက်မောက်သီးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ယိုးဒယားကြက်မောက်သီးမျိုးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိရန် ခြံရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ဒေသထွက် မင်းဂွတ်သီးများ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများ အဓိက စိုက်ပျိုး၍ အသက်မွေးဝမ်းပြုသူများ အများဆုံးရှိသည့် မြို့နယ်ဖြစ်ရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်၌ပင် စျေးကောင်းရရှိ၍  မင်းဂွတ်သီး  စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)မှ အမျိုးသမီးငယ် ၂၄၀၀ ကျော်ကို လေ့ကျင့်သင်ကြား မွေးထုတ်နိုင်ခဲ့ပြီးဖြစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်များအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးရာ ယနေ့ထိ အမျိုးသမီးငယ် သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအား‌ပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစို​ပြေ​သော အ​ခြေခံပညာစာသင်​ကျောင်းများအား ​ဖော်ဆောင်ပြီး ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အ​လေးထား​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းဝင်းအတွင်း ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်   အခြားဒေသမှ လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို   ယနေ့(၃)နာရီက မုဒွန်းကျေးရွာပိဋကတ်တိုက်ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာသဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ၊ မဟာဝိဟာရဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်