သံဖြူဇရပ်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ဧပြီ ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍  အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူးဒေါ်အေးခိုင်က၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း လုပ်ငန်းများအပေါ် လယ်ယာကဏ္ဍကြီးတွင် (၁၀၃.၉) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် (၁၀၄.၇)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင်(၁၀၁.၄)ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး စုစုပေါင်း(ဂျီဒီပီ)တန်ဖိုးမှာ (၁၀၃.၁)ရာခိုင်နှုန်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ကဏ္ဍကြီး(၃)ခုဖြင့် ခြုံငုံဖော်ပြပြီး ကဏ္ဍပေါင်း(၁၃)ခုဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးကို ရည်မှန်းတွက်ချက်ထား​ကြောင်း ရှင်းလင်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ သစ်တောကဏ္ဍ၊ အခြားဝန်ဆောင်မှုသဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)