မုဒုံ ဧပြီ ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက သောက်သုံးရေလိုအပ်နေသော ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ပြီး ရေသယ်ယာဥ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းသည်။
ထိုသို့ သောက်သုံးရေများသွားရောက်လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဂါလံ ၉၅၀ ဆံ့ ရေသယ်ယာဥ်ဖြင့် မြို့မ (၄) ရပ်ကွက်ရှိ အိမ်ခြေ ၄၀၊ အိမ်ထောင်စု ၅၀ ထံသို့ လည်ကောင်း၊ ကမာဝက်နယ်မြေမီးသတ်စခန်းမှ ရေဂါလံ ၈၀၀ ဆံ့ မီးငြှိမ်းသတ် ရေသယ်ယာဥ်ဖြင့် ဝဲကလိ၊ ကမာအုပ်ကျေးရွာများရှိ ဘုန်ကြီးကျောင်းများနှင့် ပြည်သူများထံ ရေဂါလံ ၂၄၀၀ လီတာကိုလည်ကောင်း အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် အပူရှိန်မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေများ လိုအပ်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ အဖွဲ့ပိုင်ရေသယ်ယာဥ်များဖြင့် အကူညီတောင်းခံလာပါက နေ့စဥ်သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)