သထုံမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။