မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကျိုက်မရောမြို့နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်သင်ကြားနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

သထုံမြို့နယ်တွင် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နောင်ကုလားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

မုဒုံမြို့၌ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်ခရိုင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မေလ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့သွားရောက်ပြီး စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့်အရည်အသွေးပြည့်မီသော ချည်ထည်များထုတ်လုပ်နိုင်ရန်၊ အထည်ရက်လုပ်ငန်းများအတွက် လိုအပ်သည့်ချည်များ ပြည်ပမှတင်သွင်းမှုကိုလျော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ပေးရန်၊ အရည်အသွေး၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားပြီး စက်ရုံအတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘီးလင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းနေအမွိုးသမီးကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်္ဂလာဈေးနှင့် လူစည်ကားရာ နေရာများ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိူးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်လုံးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ပြည်သူလူထုပါဝင်သော မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက နတ်မှော်ကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်