မော်လမြိုင် မေ ၂၀
မွန်ပြည်နယ်၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်သင်ကြားနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါကျောင်း၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုအားပေး၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်ကျောင်း (ခွဲ) ၌ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးအတွက် စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများလှူဒါန်းပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျောင်း၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များဖြန့်ဝေပေးနိုင်မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဦးစိန်သန်း၏ ဝက်မွေးမြူရေးခြံသို့ရောက်ရှိပြီး ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မွေးမြူရေးလုပ်ငန်းရှင်တို့မှ ဝက်မွေးမြူရေးခြံဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဝက်မွေးမြူရေးခြံအတွင်း ဝက်မျိုးမ၊ ဝက်သိုးနှင့် ဝက်သားခွဲများ စီပွားဖြစ်မွေးမြူထားရှိအပေါ် ကြည့်ရှုအားပေး၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)