ဘီးလင်း မေ ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းနေအမွိုးသမီးကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မင်္ဂလာဈေးနှင့် လူစည်ကားရာ နေရာများ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဘီးလင်းမြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ဆရာ၊ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်ခြင်း လက်ကမ်းစာစောင်များကို အ.ထ.က (ဘီးလင်း) ကျောင်းရှေ့လမ်းသွားလမ်းလာနှင့် မင်္ဂလာဈေးမှ ဈေးရောင်း ဈေးဝယ်ပြည်သူများထံ လိုက်လံဖြန့်ပေးဝေခဲ့သည်။
အဆိုပါကျောင်းအပ်နှံရေးနေ့ လက်ကမ်းစာစောင်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မိဘအုပ်ထိန်းသူပြည်သူများသို့ မေတ္တာရပ်ခံချက်များ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးအသိပေးနှိုးဆော်ခြင်း၊ ၅ နှစ်အရွယ်ကလေးသူငယ်များကို သူငယ်တန်းKG) သို့အပ်နှံရန်၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade–1) သို့အပ်နှံရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာခဲ့သော ကလေးများအတွက် (ဘက) ပညာရေး၊ကျောင်းပြင်ပ ပညာရေး (NEPE) (NFME) မူလတန်း၊ အလယ်တန်းအဆင့် ပညာရေးများဖြင့်လည်း ဆက်လက်ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးလျက် စသည့်အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)