မွန်ပြည်နယ်

သထုံမြို့နယ်၌ အရေးပေါ်သားဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားခြင်းနှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သထုံခရိုင် ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက် (၁၀၀) စီမံချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇင်လင်းတို့မှဦးဆောင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျုံကဒတ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်) မှ ကြီးမှူးကျင်းပသော အကြိမ် (၄၀) မြောက် ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖြေဌာန (၄) ခု၌ ကျင်းပခဲ့သည်။

ကျိုက်မရော၌ ရက် (၁၀၀) စီမံချက်ဖြင့် ကော့စွယ်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက် (၁၀၀) စီမံချက်ဖြင့် ကျိုက်မရောမြို့နယ် ကော့စွယ်ကျေးရွာ၌ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရူစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်

စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် (ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်းစစ်သည်များ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်(မြို့မစျေး)တွင် ဖြန့်ဝေခဲ့ကြသည်။

ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ (၂၂)ကြိမ်​မြောက် မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပ

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၌ (၂၂)ကြိမ်မြောက် ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း၌ ကျင်းပသည်။

ကျိုက်မရောမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစျေး မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစျေးကြီးမီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်  ၁၁ နာရီက ကျိုက်မရောမြို့မစျေးကြီး၌  ပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ခြံပိုင်ရှင် ဦးညီစိုး‌ဝေ၏ ရာဘာအခြေခံ ဘက်စုံစံပြစိုက်ခင်းသို့ရောက်ရှိပြီး ရာဘာအပါအဝင် သီးနှံ ၆ မျိုးဖြစ်သည့် ကိုကိုး၊ သရက်၊ ပိန္နဲ၊ အုန်း၊ ဒူးရင်းပင်များ စီးပွားဖြစ်စိုက်ပျိုး‌အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊  တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူ သိရှိနိုင်ရန်ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချ သုတေသန  (Apply Research) များနှင့်ပေါင်းစပ်၍ သုတေသနရလဒ်များအားတောင်သူ လက်ဝယ်အရောက်ပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးကြရန်ပြောကြားပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်