မုဒုံ မေ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက သင်တန်းကျောင်းရှိခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ဝင်းသျှန္နီအေးက ရာဇသတ်ကြီးဥပဒေမှ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ဥပဒေရေးရာအကာအကွယ်များ၊ အီလက်ထရောနစ်အငွေ့ရှူစက်နှင့် ဆက်စပ်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ်သတ်မှတ်သည့် အမိန့်ထုတ်ပြန်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးအကြောင်းအရာများကို ပြောကြားသည်။
ထို့နောက် စာအုပ်၊ စာစောင်များပြသခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စသည့် အသိပညာပေးနံရံကပ်ပိုစတာများကို သင်တန်းသူများက ကြည့်ရှု၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)