ကျိုက်ထို မေ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က သဘာဝဘေးအန္တရာယ် ဖြစ်ပွားရသည့်အကြောင်းရင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်အမျိုးအစားများအကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နှင်းပွင့်ဖြိုးက ဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိထားသင့်သည့်အချက်များတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)