သံဖြူဇရပ် မေ ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးနှိုးဆော် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) မြို့မစျေးနှင့် အမှတ် (၂) စျေးတို့တွင် ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာန ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်တို့မှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်ခြင်း လက်ကမ်းစာစောင် စုစုပေါင်း (၅၂၀) ခန့်အား သံဖြူဇရပ်မြို့ အမှတ် (၁) မြို့မစျေးနှင့် အမှတ် (၂) စျေးကြီးအတွင်းနှင့်အရှေ့တို့တွင် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများအား လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)