ကျိုက်ထိုမြို့နယ်၌  စားအုန်းဆီ တစ်ပိဿာ(၈၂၂၁) ကျပ်နှုန်းဖြင့် ပြည်သူများထံရောင်းချပေး

ကျိုက်ထို မေ ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့်  ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့၊မွန်းလွဲပိုင်းက ဇေယျာမွန်ရပ်ကွက်၌ ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် Kaung Hlyan New Asia ကုမ္ပဏီလီမိတက်မှ ဆီတစ်ပိဿာလျှင် (၈၂၂၁)ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းရောင်း ချပေးရာ စားသုံးသူပြည်သူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူ ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၊ စားသုံးသူရေးရာဦးစီး ဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါနေ့တွင် စားသုံးသူပြည်သူ(၅၅၀)ဦးတို့အား ဆီပိဿာချိန် (၅၅၀)ရောင်းချပေးခဲ့ကြောင်း၊ ‌ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များ အား သက်သာသောဈေးနှုန်းဖြင့် အဆင်ပြေစွာ အလွယ်တကူ ဝယ်ယူစားသုံး နိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာ ယခုကဲ့သို့စီစဉ် ရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)