ပေါင်မြို့နယ်၌ စည်သွပ်ဗူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

ပေါင် မေ ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ စည်သွပ်ဗူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က  မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့်တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော စည်သွပ်ဗူး အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ် တားမြစ်ထားသည့်  စည်သွပ်ဗူးများ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော စည်သွပ်ဗူးများရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော စည်သွပ်ဗူးများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့်စျေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် စည်သွပ်ဗူးများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး(​ပြန်/ဆက်)