ချောင်းဆုံ မေ ၂၀
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ယဉ်ကျေးလိမ္မာ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့မှကြီးမှူးကာ အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကို မေလ(၁၈)ရက်နေ့မှစတင်၍ ချောင်းဆုံအနောက်ရပ်ကွက် မင်းကျောင်းသာသနာ့ဗိမာန်၌ ကျင်းပလျက်ရှိရာ မေလ(၂၀)ရက်နေ့တွင် ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါစာမေးပွဲတွင် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ ၊ ယဉ်ကျေးမှုမြန်မာစာဘာသာနှင့် ယဉ်ကျေးမှုအဘိဓမ္မာဘာသာ စသည့်ဘာသာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မြန်မာဘာသာဖြင့် ဝင်ရောက်ဖြေဆိုသူ(၃၀၇)ဦး ၊ မွန်ဘာသာဖြင့် ဝင်ရောက်ဖြေဆိုသူ(၁၄၃)ဦး စုစုပေါင်း(၄၅၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ၊ အကြိမ် (၄၀)မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကို မေလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)