မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံ

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းက စတင်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ​​ကျောင်းသား​၊ ကျောင်းသူများ​   ကျောင်းအပ်စတင်လက်ခံရာ   မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေးလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းမှ တက်ရောက်အားပေးသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ  ကျောင်းသား၊ ကျောင်းသူများအား  အခမဲ့ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၅)ရက်မှစတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အမှတ်(၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅)(၅/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနား၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံနေမှုနှင့် ခရမ့်ရော်ဘာစက်ရုံ (သံဖြူဇရပ်)အား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) (၅/၂ဝ၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး၊ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်သည်။

မွန်ပြည်နယ်ကုသရေးဦးစီးဌာနမှ ဘီးလင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ဇုတ်သုတ်တိုက်နယ် ပြည်သူ့ဆေးရုံ၌ မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် သထုံခရိုင်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဘီးလင်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယျနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပဉ္စဂီရိချမ်းမြေ့စည် လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းတိုက် ပဉ္စမာလီ (၃)ထပ်ကျောင်းဆောင်တော် ကျောင်းလွှတ်ပူဇာမင်္ဂလာ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ နေမိန္ဒရဘုရားလမ်းရှိ ပဉ္စဂီရိချမ်းမြေ့စည်လောကီလောကုတ္တရာ သီလရှင်သင်ပညာရေးကျောင်းတိုက်ဝင်းအတွင်း၌ အသစ်တည်ဆောက်ပြီးစီးသည့် ပဉ္စမာလီ(၃)ထပ်ကျောင်းဆောင်တော်ကြီး ကျောင်းလွှတ်ပူဇာရေစက်ချမင်္ဂလာအခမ်းအနားကို မေလ ၂၄ ရက်နံနက်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနေပြီးဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသံချဲ့စက်​ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) မြို့မစျေးကြီးရှေ့တွင် ဖြန့်ဝေခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်