သံဖြူဇရပ် မေ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) မြို့မစျေးကြီးရှေ့တွင် ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့တို့မှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်စုစုပေါင်း(၃၂၀)ခန့်အား သံဖြူဇရပ်မြို့ အမှတ်(၁)မြို့မစျေးကြီးအရှေ့တွင် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများအား လိုက်လံဖြန့်ဝေခဲ့ကြကြောင်းနှင့် ရပ်ကွက်ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးတာဝန်ရှိသူတို့က မော်တော်ယာဉ်များဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးကို အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)