မုဒုံ မေ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းက စတင်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မုဒုံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများမှ ကျောင်းသား/ သူများ လာရောက်အပ်နှံမှုကို သက်ဆိုင်ရာအခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက လက်ခံဆောင်ရွက်ပေးသည်။ ကျောင်းသား/ သူများ ကျောင်းလာရောက်အပ်နှံနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)