မွန်ပြည်နယ်

မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်သီတာဆွေ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကက မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဦးတည်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးများ၏ဘဝ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန်၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားလေးစားရန်၊ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုများ လျော့နည်းပပျောက်ရန်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနဲ့ အခြားသောလူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် အဆင့်ဆင့်မှ အဖွဲ့ဝင်များအားလုံးအနေဖြင့် တက်ညီလက်ညီဆတက်ထမ်းပိုး အောင်မြင်စွာ ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်၊ ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားနှင့် မော်လမြိုင်မြို့၊ ရွှေနတ်တောင် ရေလှောင်တမံ၊ ရေသန့်စင်စက်ရုံ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း၊ ရာတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများက “‌ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအားလုံး၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၅)ရက်နေ့မှ မေလ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားကြောင်း၊ ကျောင်းအပ်နှံရေးနေ့ ပြီးဆုံးသည့်နောက်ပိုင်းမှာလည်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးနှင့် အခြေခံပညာ ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူနိုင်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သီတာဆွေ တီဘီရောဂါတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေး စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေးဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ (၂၈) ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ တက်ရောက်သည်။

မော်လမြိုင်မြို့နယ်၌ မြို့ရွာသန့်ရှင်းသာယာလှပရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ဒီမိုကရေစီစနစ်၏အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ‌တိုက်ရိုက်ထိတွေ့ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကိုအခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မြို့ရွာသန့်ရှင်းသာယာလှပရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက် ၉ နာရီက ရွှေဘုံသာဘုရားဓမ္မာရုံတွင် ကျင်းပသည်။

သထုံမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအတွက် RS မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအတွက် RS မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်က နန်းခဲရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဘူတာဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) / ဆင်းသုခ (RS)မျိုးစေ့ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့ ချီးမြှင့်ပေးခြင်းအခမ်းအနားကို မေ ၂၆ ရက် မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် ဦးစန်းထွန်းဝင်း၊  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အရင်းမပျောက် မတည်ရံပုံငွေများ ချထားပေးလျက်ရှိရာ ယမန်နေ့က ကော့ကဒဲ့ကျေးရွာနှင့် အဘစ် (နှီးမုတ်) ကျေးရွာအုပ်စုများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်