ဘီးလင်း မေ ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ပြဋ္ဌာန်းစာအုပ်အပြင် KG တန်းကျောင်းသား၊ကျောင်းသူများအား ခဲတံ(၄) ချောင်း၊ ကျောင်းဝတ်စုံတစ်စုံ၊ Grade - 1 မှ Grade - 5 အထိကျောင်းသား၊ ကျောင်းသူများအား ခဲတံ (၄) ချောင်း၊ ဗလာစာအုပ် တစ်ဒါဇင်၊ ကျောင်းဝတ်စုံတစ်စုံ၊ Grade - 6 မှ Grade - 12 အထိ ကျောင်းသား၊ ကျောင်းသူများအား ခဲတံ (၂) ချောင်း၊ဘောပင် (၂) ချောင်း၊ ဗလာစာအုပ် တစ်ဒါဇင်တို့ကို အခမဲ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)