ပေါင် မေ ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲကျော်ယျနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် ပေါင်မြို့မစခန်းမှူး ဒုရဲမှူးကျော်စိုးသန်းက ရပ်ကွက်၊ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)