သံဖြူဇရပ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ​​ကျောင်းသား​၊ ကျောင်းသူများ​   ကျောင်းအပ်စတင်လက်ခံရာ   မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

သံဖြူဇရပ် ​မေ ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ကျောင်းအပ်လက်ခံ​ဆောင်ရွက်​ပေးလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းမှ တက်ရောက်အားပေးသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း စုစုပေါင်း (၁၃၃)ကျောင်းတို့တွင် ​မေ ၂၅ ရက်နေ့မှစ၍ ​ကျောင်းအပ်စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အ.ထ.က(၁)ကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ (အတွင်းရေးမှူး) ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အထက(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်အပ်နှံနေမှုအား ကြည့်ရှုအားပေးသည်။

ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်းနှင့် အဆိုပါကျောင်းအပ်လက်ခံလျက်ရှိ​သော ​ကျောင်းများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးတို့မှ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်း​ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)