မွန်ပြည်နယ်

ပေါင်မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်ပေါင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က ပေါင် ကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့၊  နံနက်ပိုင်းက  ကျုံကဒက်ကျေးရွာ  တောင်သူဦး​ကျော်ဆန်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျိုက်ပိကျေးရွာ  တောင်သူဦးသီဟလွင်၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းအနီးတို့၌ စုပေါင်းပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို မေလ ၂၁ ရက်နေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ သထုံမြို့၌ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ကျင်းပသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မေလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာစင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ပေးပို့ချပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)ကျောင်းအနီးတို့၌ စုပေါင်းပြုလုပ်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ပေးအပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လာမည့်စိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် နည်းစနစ်တကျစိုက်ပျိုးကာ သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ (ပထမ) အကြိမ် ပေးအပ်ခြင်းကို မေ (၁၉) ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်