မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

ပေါင်  ဇူလိုင်  ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊ သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများက သတိပြုစေရန် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် ၎င်းတို့၏ နေရင်း‌ဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင်လည်းကောင်း၊ အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း  အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီရေတောသစ်မျိုးများ ဖြစ်သည့် ဗြူးရွှေဝါ (၆) ပင်၊ သမဲ့(၄၁၀)ပင်၊ မဓမ (၃၀၀)ပင်၊ ဗြူးခြေထောက်(၃၀၀)ပင် ၊အိပ်မသွယ် (၃၀၀)ပင် စုစုပေါင်း ဒီရေတော အပင်အရေအတွက် (၁၃၁၆)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ဒီရေတောသစ်မျိုး စိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးခဲ့သည်။  ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၀ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် စိုက်ပျိုးထားရှိသော ၂၀၁၉၊ ၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ထောင် စိုက်ပျိုးထားသော သမဲ့၊ဗြူးခြေတောက်ပင် ဧက(၁၀၀)၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီ လေပြင်းဒဏ်ခံ အုန်းပင်၊ ယခင်ဒီရေတော ပျိုးပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအပေါ် ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှပ်ကျေးရွာအုပ်စု ဆယ်အိမ်စု ကျောင်းတိုက် ဆရာတော်အား ဖူး‌မြှော်ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)