ပေါင်မြို့နယ် ဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ အဆင်ပြေ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိသည်။ နာနတ်သီးများကို အလုံးအကြီး၊ အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အလုံးငယ်တစ်လုံးလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။