ချင်းပြည်နယ်

ဗိုလ်မှူးချုပ်ဝင်းကိုကိုတီးတိန်မြို့ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆား ဆက်ကပ်လှူန်ဒါန်း

ချင်းပြည်နယ်၊ တီးတိန်ခရိုင် တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းကိုကိုသည် တီးတိန်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆန်၊ ဆီ၊ ဆားများ ဇူလိုင်လ ၂၂ရက်နေ့ နေ့လယ်၁၁နာရီက ဆက်ကပ်လှူဒါန်းခဲ့သည်။

ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါအချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါးမြို့နယ်နှင့် ဝန်းကျင်ဒေသအချို့တွင် မြေပြိုတောင်ပြိုမှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက (အ.မ.က) ကျွဲခြံမွန်ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

(၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါး ပြိုင်ပွဲကျင်းပ

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဖလမ်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြန်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြင်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့ တက်ရောက်အမှာစကား ပြောကြားသည်။

ကျိုက်ထိုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်(၁၁)ရက် နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း  ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃)သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့ တက်ရောက်ကြသည်။

ဖလမ်းမြို့၌ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ချယ်ရီပျိုးပင် (၁၆၅၄)ပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချယ်ရီပင်များ ရှင်သန်ပေါက်ရောက်ပြီး လှပစွာဖွင့်ဖူးစေရန် အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ချယ်ရီပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်က ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ၌ ကျင်းပရာ ဖလမ်းခရိုင် စီအံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များတက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းဒဏ် ကြောင့် ပျက်စီးသွားသည့် လူနေအိမ်၊ အဆောက်အဦ (၉၂၆)လုံးအတွက် သွပ်၊ သဲ၊ သစ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ချင်းပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦ (၉၂၆)လုံးအတွက် သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်