တီးတိန်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တီးတိန်    ဩဂုတ်    ၁၇

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားသည်။ ဆက်လက်၍သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများထံသို့ တာဝန်ရှိသူများကလူမှုရေးပင်စင်များအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုသို့လူမှုရေးပင်စင်‌ထောက်ပံ့ပေးအပ်ရာတွင် အဘိုး ၈၇ ဦး၊ အဘွား ၁၂၇ ဦး စုစုပေါင်း ၂၁၄ ဦးအတွက် ၆၄၂၀၀၀ဝိ/ကျပ်‌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်း သိရသည်။

ဒိုင်းခန့်ဒိမ့်