ဖလမ်းမြို့၌ သက်ကြီးရွယ်အိုဘိုးဘွား(၁၇၃)ဦးတို့အား ငွေကျပ်ငါးဆယ့်တစ်သိန်းကိုးသောင်းတိတိ ထောက်ပံ့ပေးပြီးဖြစ်

ဖလမ်း ဩဂုတ် ၁၉

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ သက်ကြီးရွယ်အိုဘိုးဘွား(၁၇၃)ဦးအား ငွေကျပ်ငါးဆယ့်တစ်သိန်းကိုးသောင်းတိတိကို ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ကျင်မွာလ်ရပ်ကွက်၊ ဗလိုင်ရပ်ကွက်၊ ဖါရ်ထောက်ရပ်ကွက်၊ တလန်လိုရပ်ကွက်၊ ဇာလိုင်ရပ်ကွက်၊ လုံးပီးရပ်ကွက်၊ ရိခေါဒါရ်မြို့၊ အမှတ်(၁)နှင့်(၂)ရပ်ကွက်နှင့်ကျေးရွာ(၃၆)ရွာမှ သက်ကြီးရွယ်အိုဘိုးဘွား(၁၇၃)ဦးတို့အား တစ်ဦးလျှင်ကျပ် သုံးသောင်းနှုန်းစီဖြင့် စုစုပေါင်းငွေ ကျပ်ငါးဆယ့်တစ်သိန်းကိုးသောင်းတိတိကို ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အိုဘိုး ဘွားများအား အစဉ်အဆက်မပြတ်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

ရဲမြင့်အောင်