ချင်းပြည်နယ်

တီးတိန်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်ကလေးအလုပ်သမားပပျေက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

မင်းတပ်မြို့၌ စစ်နယ်မြေမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မင်းတပ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် ကျင်းပသည်။

မြေပြိုတောင်ပြိုမှုသဘောသဘာဝနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းအရ လက်ခံခွင့်ပြုထားသော အချက်အလက်များ ရှင်းလင်းခြင်းသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

မြေပြိုတောင်ပြိုမှုသဘောသဘာဝနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းအရ လက်ခံခွင့်ပြုထားသော အချက်အလက်များ ရှင်းလင်းခြင်းကို သြဂုတ်လ ၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖလမ်းမြို့၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ဗောဓိညောင်ပင်စိုက်ပျိုးပူဇော်ခြင်းနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ် ဗောဓိညောင်ပင် စိုက်ပျိုးပူဇော်ခြင်းနှင့် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ

ဒုတိယဝါဆိုလပြည့် ( ဓမ္မစကြာအခါတော်နေ့ ) စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်ရှိ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော် ကြီးတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ စစ်ဗျူဟာ (အခြေချဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃) သို့ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတက်ရောက်

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၃ ) ကိုယမန်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြား သည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရန်လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  ပြောကြား

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်၊ ဟားခါးမြို့ဝန်းကျင်ဒေသနှင့် ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုကျေးရွာအကြား မြေပြိုတောင်ပြိုခဲ့မှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သောဝန်ထမ်းများ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ချင်းပြည်နယ်