တွန်းဇံမြို့၌ မူးယစ်အန္တရာယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ချင်းပြည်နယ် တွန်းဇံမြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ယာယီခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။