မင်းတပ် ဩဂုတ် ၅
စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မင်းတပ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉:၃၀)နာရီအချိန်တွင် ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနား ဖွင့်လှစ်ပြီးနောက် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ထေရဝါဒသာသနာပြု ဗဟိုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်လာသူများက ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် ကြွရောက်လာကြသော တောင်တန်းသာသနာပြု ဗဟို ကျောင်းတိုက်တွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)