မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် မိသားစုများ ထောက်ပံ့ငွေ တီးတိန်၌ပေးအပ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဖြိုဖျက် ပြောင်းရွှေ့သော ဖာရ်တလန်ကျေးရွာနေ ဦးထန်ခင်းမုန်နှင့် ဦးထန်လျန်းကိမ်းတို့အား ယမန်နေ့နေ့လည် ၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။