မတူပီ ဩဂုတ် ၁၈
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော (COVID-19 Economic Relief Plan) ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဟရင်ပီး(က) ကျေးရွာသို့ ယနေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆော်လမွန်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့တိုးတက်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများက ဟရင်ပီး(က)ကျေးရွာ Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသော အခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွန်းများနှင့် ပြည့်မီအောင် ဆောင်ရွက်ရေး လိုအပ်သည် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)