ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့်သူနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ အား ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ
ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။