ဖလမ်း သြဂုတ် ၁၉
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/မများ မွမ်းမံသင်တန်းကို သြဂုတ် ၁၇ ရက် နေ့မှစ၍ ဖလမ်းမြို့၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ဖလမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/မတစ်ဦး စီးတက် ရောက်ကြကြောင်း၊ ဆရာ/မများအနေဖြင့် ကျောင်းသား/ သူများထံသို့ ချင်းဖတ်စာ ရေးသားပုံ၊ ရေးသားနည်းများကို ပိုမို ထိရောက်အောင်သင်ကြားပို့ချနိုင်ရေး၊ ချင်းစာရေးသားပုံ၊ ရေးသားနည်း သိရှိနားလည်နိုင်ရန်နှင့် သင်ကြားရေးအပိုင်းမှာ တိုးတက်မှုရှိစေရန် သင်တန်းပို့ချခြင်းဖြစ်ကြောင်း ဖလမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးဗန်ကြီးကပြောကြားသည်။
အဆိုပါသင်တန်းကို ၁၇.၈.၂၀၂၀ ရက်နေ့မှ ၂၂.၈.၂၀၂၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ အဖွဲ့(၁)၊ ညနေ ၁နာရီမှ ၃ နာရီအထိ အဖွဲ့(၂)ဖြင့် ဖလမ်းမြို့ပေါ်အတွင်းရှိ ပညာရေးဌာနမှ အငြိမ်းစားဆရာ/မကြီး (၆)ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)