ထန်တလန် ဩဂုတ် ၁၈
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍ တစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာ မူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။
ရှေးဦးစွာ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူငယ်ရေးရာမူဝါဒရေးဆွဲရေးနှင့် လူငယ်ဆိုင်ရာ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ထန်တလန်မြို့ပေါ်ရပ်ကွက်ရှိ သင်တန်းသူသင်တန်းသား (၃၅) ဦး တက်ရောက် ခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးငွန်ရိုထန်းနှင့်ဝန်ထမ်းများက ပညာပေး ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)