မတူပီ ဩဂုတ် ၁၈
ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်စာရင်းကြေညာမှုတွင် မူလမဲစာရင်း ၃၉၉၈၉ ရှိပြီး ပြင်ဆင်ပြီး မဲစာရင်း ၃၇၉၆၀ ရှိကြောင်းသိရသည်။
အဆိုပါ မဲစာရင်းထုတ်ပြန်ထားသော ရက်ပေါင်း ၂၀ တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၈၄၉၂ ဦး၊ ပုံစံ−၃ ဖြင့် လာရောက်လျှောက်ထားသူ ၁၅၁၇ဦး၊ ပုံစံ−၄ ဖြင့် ကန့်ကွက်သူ ၃၈၈၀ ဦး နှင့် ပုံစံ ၄−ဂဖြင့် ပြင်ဆင်သူ ၂၄၇၂ ဦးရှိကြောင်း သိရသည်။
မတူပီမြို့တွင် ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွက် လျာထားမဲရုံ အရေအတွက်မှာ (၁၅၀)ရုံ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)