ဖလမ်း၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်း ဖွင့်လှစ်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများ အားလုံးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစဉ်အလာတွင် ထည့်သွင်းထိုးနှံရန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းပို့ချခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်းရှိ ချယ်ရီခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။