မင်းတပ်၌ ဖွင့်လှစ်သော ကိုဗစ်-၁၉ Relief Package (1) ခရီးသွား လုပ်ငန်း(အခြေခံ) သင်တန်းဖွင့်လှစ်

မင်းတပ်  စက်တင်ဘာ 

မင်းတပ်မြို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကူညီပံ့ပိုးပေးမှုဖြင့် ဖွင့်လှစ်သည့် COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ပြောကြားပြီး ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင် တတ်သိပညာရှင် ဦးရှိန်းဂေငိုင်း က ခရီးသွား အတွေ့အကြုံ များကို ပြောကြားသည်။

အဆိုပါ သင်တန်းကို ကိုဗစ်-၁၉ကာလအတွင်း ချင်းပြည်နယ် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အခြေခံ လူတန်းစား များအား အသိပညာမြင့်မားစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သင်တန်းကာလမှာ ()ရက်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ဦးရှိကာ သင်တန်းကာလအတွင်း တစ်ဦးလျှင်တစ်ရက် ငွေကျပ် ၄၈၀၀ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)