မံစီ၌ စျေးသူစျေးသားများနှင့် စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေး

မံစီ  စက်တင်ဘာ ၂

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့မ စျေးအတွင်းရှိ စျေးသူစျေးသားများနှင့် စျေးဝယ်သူများ ကိုယ်စီနှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် စားသောက်ဆိုင်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ/မရှိကို ယနေ့နံနက် ၇ နာရီက တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး အသိပညာပေးခဲ့သည်။


ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော်ဦးဆောင်သည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေးနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေးခြင်း၊ မြို့အတွင်းရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေး စံသတ်မှတ်ချက်များ၊ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ထားမှု ရှိ မရှိ ကိုလည်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)