ချင်းပြည်နယ်

Home Quarantine ထားရှိသော အသွားအလာကန့်သတ် စောင့်ကြည့်ထားသူအား စားနပ်ရိက္ခာများ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်မှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကုသ ကာကွယ်ရေး ကော်မတီအဖွဲ့သို့ သတင်းပေးပို့လာမှုကြောင့် ခရီးသည် တည်းခိုရာ မြို့သစ်တောဦးစီးဌာန အိမ်ရာတွင် Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထား လျက်ရှိသည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၄)ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန် ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်းဆိုင်များ ရှောင်တခင်စစ်ဆေး

အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းဆိုင်နှင့် အလှကုန်ပစ္စည်း ဆိုင်(၇)ဆိုင်များအား ရှောင်တခင် စစ်ဆေးကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေးရေး ရှောင်တခင်စစ်ဆေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝကနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ​စျေး၊ လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များကို ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖလမ်း၌ ဖလမ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း ဆောင်ရွက်

စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်နှင့် စည်းလုံးညီညွှတ်မှု ပိုမို ခိုင်မာလာစေရန် ရည်ရွယ်ပြီး ချင်းရိုးရာဓလေ့များဖြစ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအိမ်၊ တူရိယာ ပစ္စည်းများ အခြေခံ၍ ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် စာပေပြိုင်ပွဲတွင် ဆုရရှိသူများကို စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆုများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရှောင်တခင် စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်စေရေး ရည်ရွယ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ အိမ်သုံးပစ္စည်းရောင်းဆိုင်များတွင် ချင်းပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင် ဦးဆောင်မှုသည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက လူစည်ကားနေရာဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် လမ်းသွားလမ်းလာခရီးသွားပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည် စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး‌ ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲ သွားလာနေကြသူများ ကို ယခုဝယ်၊ ယခုတပ်စေခဲ့‌ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်