ရိခေါ်ဒါရ်မြို့ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် နယ်စပ်တစ်လျှောက် လုံခြုံရေး စောင့်ကြည့်ခြင်းနှင့် ရပ်ကွက်အတွင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးစောင့်ကြည့်ခြင်းနှင့် ရက်ကွက် အတွင်း အပြင်ထွက် သွားလာသူများ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။