ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ် (၁၂) ဖြင့် မေလ ၂၆ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။