ဘားအံမြို့၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇုန်(၄)ဇုန်ခွဲ၍ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၃ နာရီက အုပ်စု(ဂ)ဘားအံဇုန် စတုတ္ထမြောက်အုပ်စုပွဲစဉ်အဖြစ် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင် ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြသည်။