ပိုင်ကျုံမြို့ အ-မ-က ပညာပလီးကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အ-မ-က ပညာပလီးကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေဦးစွာဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက နည်လှည့် အသိပညာပေးကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး  အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ကြီးများအား လုပ်ကြံခံရပုံ၊ အာဇာနည်ကြီးများတို့၏ အသက်သွေးများဖြင့် ရယူခဲ့သည့် လွတ်လပ်ရေးကို ဝိုင်းဝန်း ထိန်းသိမ်းရမည့် အကြောင်းများနှင့် ကျောင်းသားလူငယ်များအနေဖြင့် အနာဂတ်တွင် စည်းကမ်းပြည့်ဝပြီး လူတော်လူကောင်းဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး မှာကြားဆွေးနွေးခဲ့သည်။

ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရေးအတွက် ကျောင်းဖွင့်သည့်ကာလအတွင်း အခြေခံပညာကျောင်းများသို့ အသိပညာပေးရေးလုပ်ငန်းများကို လစဉ်နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)